Saturday, December 9, 2017
ကျန်းမာရေးအတွက် အရေးပါလာတဲ့ ခန္ဓာသန်စွမ်းမှု နည်းပညာ
ခန္ဓာသန်စွမ်းမှု နည်းပညာ(Physiotherapy) ဆိုတာက ကမ္ဘာမှာ ၁၈ရာစုတည်းက စတင်ပြီး လက်တွေ့အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ သိပ္ပံနည်းကျကျပေါ် အခြေခံထားပြီး သုသေတနတွေ ပြန်တမ်းတွေနဲ့ တိတိကျကျ ကုသမှုပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပညာရပ်တစ်ခုဖြစ်တယ်။ အဓိက ရည်မှန်းချက်က လူသားတွေနဲ့ သက်ရှိတွေ စွမ်းဆောင်ရည် အမြင့်မားဆုံး ရနိုင်သလောက် ရရှိအောင်နှင့် မဖြစ်ပေါ်သင့်တဲ့ ပျက်ဆီးမှုနဲ့ ရောဂါတွေ ကို အကာအကွယ်ဖြစ်အောင် စွမ်းဆောင်ထိန်းသိမ်းဖို့ဖြစ်တယ်။ Physiotherapy က ပုံမှန် ဆေးပညာနယ်ပယ်လို ဆေးပေး၊ ဆေးထိုး၊ ခွဲစိတ် ခြင်းတွေမပြုလုပ်ဘူး။ ဒါပေမယ့် ထိုကုသမှုတွေ မပြုလုပ်ခင် နှင့် ပြုလုပ်ပြီးတွေမှာ တွဲဘက်ကုသပေးတဲ့ ဆေးဘက်ပညာတစ်ခုဖြစ်တယ်။ တစ်ချို့ရောဂါတွေနဲ့ အခြေအနေတွေမှာ ဆေးကို အသုံးပြုနေတာထက် Physiotherapy ကုသမှုတွေက အကျိုးကျေးဇူးများလို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ Physiotherapy ကို ယုံကြည်အားကိုးမှုများပြားနေပါပြီ။ ဘယ်လို ကုသတာလဲဆိုရင် Therapeutic Modalities နှင့် Therapeutic Exercises ဆိုပြီး အဓိကအပိုင်း ၂ပိုင်းခွဲပြီးမြင်နိုင်ပါတယ်။
Labels:
အထွေထွေ ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment